ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည့်အမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ စီရင်ချက်ကို ကြိုဆိုကြောင်း ကချင်အမျိုးသားအဖွဲ့အစည်း (KNO) က နိုဝင်ဘာ ၁၉ ရက်တွင် လန်ဒန်မြို့မှ ထုတ်ပြန်လိုက်သည်။
KNO က ယင်းစီရင်ချက်သည် ရိုဟင်ဂျာ ကျူးလွန်ခံရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် သမိုင်းဝင်အခိုက်အတန့်ဖြစ်ပြီး ဆယ်စုနှစ်များစွာ စစ်ပွဲ၊ အကြမ်းဖက်မှုနှင့် အတင်းအကျပ် နေရပ်စွန့်ခွာရမှုတို့ကို ကြုံတွေ့ခဲ့ရသည့် ကချင်နှင့် အခြားတိုင်းရင်းသားလူထုအတွက်လည်း အရေးပါကြောင်း ပြောကြားခဲ့သည်။
“လူမှုအသိုင်းအဝိုင်းတစ်ခုအတွက် ရရှိသည့် တရားမျှတမှုသည် လူမှုအသိုင်းအဝိုင်းအားလုံး တရားမျှတမှုရရှိရေးအတွက် လမ်းဖွင့်ပေးရမည်” ဟု KNO က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အမှုကို ICJ သို့ တင်သွင်းခဲ့သည့် ဂမ်ဘီယာနိုင်ငံနှင့် အမှုကို ပံ့ပိုးခဲ့သည့် နိုင်ငံများကိုလည်း KNO က ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ စီရင်ချက်မှတစ်ဆင့် ကျူးလွန်သူများကို တာဝန်ခံစေရေး၊ အရပ်သားများကို ထိရောက်စွာ ကာကွယ်ရေးနှင့် ပြစ်ဒဏ်ကင်းလွတ်နေမှု အဆုံးသတ်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ဆောင်ရွက်ရန် KNO က တိုက်တွန်းခဲ့သည်။
#MungdanNews #KNO #ICJ #Rohingya #Kachin #Myanmar





















