ဂျပန်တွင် တတိယမြောက်ကလေးမှစ၍ တစ်ဦးလျှင် ယန်း ၁၀ သန်း ထောက်ပံ့ရန် LDP အဆိုပြု
ဂျပန်နိုင်ငံတွင် မွေးဖွားနှုန်း ကျဆင်းလာမှုကို တုံ့ပြန်ရန် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က တတိယမြောက်နှင့် နောက်ထပ်မွေးဖွားလာမည့် ကလေးတစ်ဦးစီအတွက် မွေးဖွားချိန်၌ ဂျပန်ယန်း ၁၀ သန်း (အမေရိကန်ဒေါ်လာ ၆၂,၈၀၀ ခန့်) ထောက်ပံ့ရန် အဆိုပြုလိုက်သည်။ ဒေါ်လာတန်ဖိုးကို နိုဝင်ဘာ ၂၇ ရက် ဂျပန်ဗဟိုဘဏ်၏ ငွေလဲနှုန်းဖြင့် တွက်ချက်ထားသည်။

LDP က ယင်းအဆိုပြုချက်ကို နိုဝင်ဘာ ၂၇ ရက်တွင် မူကြမ်းရေးဆွဲခဲ့ပြီး အစိုးရ၏ နှစ်ကုန်ပိုင်း လူဦးရေမဟာဗျူဟာတွင် ထည့်သွင်းရန် တင်ပြသွားမည်ဖြစ်သည်။ မူကြမ်းတွင် ကလေးမွေးဖွားရေးနှင့် ပြုစုစောင့်ရှောက်ရေးအတွက် အခွန်လျှော့ပေါ့ပေးရန်နှင့် အခမဲ့ ကလေးစောင့်ရှောက်မှုကို အသက်ငယ်သည့် ကလေးများအထိ တိုးချဲ့ရန်လည်း ပါဝင်သည်။
ဂျပန်တွင် နေထိုင်သည့် မြန်မာမိသားစုများအပါအဝင် နိုင်ငံခြားသားမိသားစုများ အကျုံးဝင်မဝင်ကို ယန်း ၁၀ သန်း အဆိုပြုချက်အတွက် အတည်မပြုနိုင်သေးပါ။ လက်ရှိ ကလေးထောက်ပံ့ကြေးစနစ်အရ သတ်မှတ်ချက်ပြည့်မီသည့် နိုင်ငံခြားသားမိသားစုများလည်း လျှောက်ထားနိုင်သည်။





















