ထရမ့်၏ သွင်းကုန်ခွန်မူဝါဒ ပြန်လည်ရုပ်သိမ်းရေး ကနေဒါမှ စတင်ရန် ဒီမိုကရက်များ စီစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန်မူဝါဒများကို ပြန်လည်ရုပ်သိမ်းရေးအတွက် ကနေဒါကုန်ပစ္စည်းများအပေါ် ကောက်ခံထားသည့် အခွန်များကို ပထမဦးဆုံး ပစ်မှတ်ထားရန် ဒီမိုကရက်လွှတ်တော်အမတ်များ စီစဉ်နေကြောင်း The Wall Street Journal က ဖော်ပြသည်။
အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီမှ ဒီမိုကရက်အမတ် ရွန်ဝိုင်ဒင်က ယင်းအခွန်များ ရုပ်သိမ်းရေးအတွက် ထောက်ခံမှုများရှိပြီး ဥပဒေပြုရေး ဆွေးနွေးနေကြောင်း ပြောသည်။ ရီပတ်ဘလီကန်အမတ်အချို့၏ ထောက်ခံမှုကိုလည်း ရရှိရန် မျှော်လင့်ထားသည်။
သို့သော် ထရမ့်က ဗီတိုအာဏာဖြင့် ပယ်ချနိုင်သဖြင့် အစီအစဉ် အောင်မြင်မည်လားဆိုသည်မှာ မသေချာသေးပေ။





















