Wednesday, October 28, 2026

Tag: Thailand

နယ်စပ်ကျော်ပစ်ခတ်မှု ထိခိုက်ပါက တုံ့ပြန်မည်ဟု ထိုင်းသတိပေး

အောက်တိုဘာ ၂၆၊ ၂၀၂၆ — မြန်မာဘက်မှ ရည်ရွယ်ချက်ရှိရှိ နယ်စပ်ကျော်ပစ်ခတ်မှု သို့မဟုတ် ထိုင်းပြည်သူများ၏ အသက်နှင့် ပိုင်ဆိုင်မှု ထိခိုက်မှုရှိပါက အချိုးကျ စစ်ရေးတုံ့ပြန်နိုင်ကြောင်း ထိုင်းနရေဆွမ်တပ်ဖွဲ့က သတိပေးသည်။ နယ်စပ်လုံခြုံရေးတိုးမြှင့်ခြင်း၊ သံတမန်ရေးညှိနှိုင်းခြင်း၊ ဒေသခံများကို ကာကွယ်ကူညီခြင်းနှင့် မြန်မာစစ်ဘေးရှောင်များကို လူသားချင်းစာနာမှုအရ ကူညီခြင်းတို့ ဆောင်ရွက်မည်ဟု ဆိုသည်။

ထိုင်းတပ်တွင် အစ္စရေး ARBEL ဒရုန်းတိုက်ဖျက်ရေးစနစ် စတင်အသုံးပြု

အစ္စရေးကုမ္ပဏီ IWI ၏ ထုတ်ပြန်ချက်အရ ထိုင်းတပ်မတော်သည် ရှိပြီးသားရိုင်ဖယ်များတွင် ARBEL စနစ်တပ်ဆင်၍ စတင်အသုံးပြုနေပြီဖြစ်သည်။ ပုံမှန် ၅.၅၆ မီလီမီတာကျည် အသုံးပြုသည့် ယင်းစနစ်က ပစ်ခတ်မှုကို ကွန်ပျူတာဖြင့် ထိန်းညှိပေးပြီး လျင်မြန်စွာရွေ့လျားသည့် ဒရုန်းများကို ထိမှန်နိုင်ခြေ မြှင့်တင်ရန် ရည်ရွယ်ထားသည်။

ထိုင်း ချာချောင်ဆောင်တွင် အိမ်ခေါင်မိုးနီးပါးအထိ ရေတက်

ထိုင်း ချာချောင်ဆောင်တွင် အိမ်ခေါင်မိုးနီးပါးအထိ ရေတက် အောက်တိုဘာ ၇၊ ၂၀၂၆ — ထိုင်းနိုင်ငံ ချာချောင်ဆောင်ပြည်နယ်၊ ဘန်ခလာခရိုင်၊ ဟွာဆိုင်းဒေသတွင် ရေကြီးမှုဆက်လက်ပြင်းထန်နေပြီး အချို့နေရာ၌ ရေအနက် ၂ မီတာခန့် (၆.၆ ပေ) ရှိကာ အိမ်ခေါင်မိုးနီးပါးအထိ ရေတက်နေကြောင်း ထိုင်းသတင်းဌာန Matichon က ဖော်ပြသည်။ လူနေအိမ်များအပြင် ငါးနှင့် ပုစွန်မွေးမြူရေးကန်များလည်း ရေနစ်မြုပ်ပျက်စီးနေကြောင်း ...

ထိုင်းမှာ ရေကြီးမှု ဆက်လက်ဖြစ်ပွား၊ လူဦးရေ ၃.၅ သန်းကျော် ထိခိုက်

အောက်တိုဘာ ၅၊ ၂၀၂၆ — ထိုင်းနိုင်ငံ ပြည်နယ် ၂၆ ခုနဲ့ ဘန်ကောက်မှာ ရေကြီးမှု ဆက်လက်ဖြစ်ပွားနေပြီး အိမ်ထောင်စု ၁.၂၇ သန်းကျော်၊ လူဦးရေ ၃.၅ သန်းကျော် ထိခိုက်နေကြောင်း DDPM က ထုတ်ပြန်ပါတယ်။ ပြည်နယ် ၆ ခုမှာ ရေမြင့်တက်နေဆဲဖြစ်ပြီး ဘန်ကောက်နဲ့ အခြားဒေသအချို့မှာ ရေကျလာပါတယ်။ အာဏာပိုင်တွေက ရေစုပ်ထုတ်မှုနဲ့ ...

ထိုင်းနိုင်ငံသို့ တစ်ပတ်အတွင်း နိုင်ငံခြားခရီးသွား ၅ သိန်းကျော် ဝင်ရောက်

ထိုင်းနိုင်ငံမှာ ၂၀၂၆ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်အထိ နိုင်ငံခြားခရီးသွား ၅၂၂,၅၃၂ ဦး ဝင်ရောက်ခဲ့ပြီး ယခင်တစ်ပတ်ထက် ၈.၂၄ ရာခိုင်နှုန်း တိုးလာကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ Golden Week အားလပ်ရက်နဲ့ ဒေသတွင်း အခြားအားလပ်ရက်တွေက ခရီးသွားဝင်ရောက်မှု တိုးလာစေခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁ ...

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.