ထိုင်းနိုင်ငံမှာ ၂၀၂၆ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်အထိ နိုင်ငံခြားခရီးသွား ၅၂၂,၅၃၂ ဦး ဝင်ရောက်ခဲ့ပြီး ယခင်တစ်ပတ်ထက် ၈.၂၄ ရာခိုင်နှုန်း တိုးလာကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ Golden Week အားလပ်ရက်နဲ့ ဒေသတွင်း အခြားအားလပ်ရက်တွေက ခရီးသွားဝင်ရောက်မှု တိုးလာစေခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ နိုင်ငံခြားခရီးသွား စုစုပေါင်း ၂၃.၄၅ သန်း ဝင်ရောက်ခဲ့ပေမယ့် ယခင်နှစ် အလားတူကာလထက် ၃.၈၈ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး နိုင်ငံခြားခရီးသွားတွေဆီက ရရှိတဲ့ ဝင်ငွေကလည်း ၂.၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
လေကြောင်းခရီးစဉ် ဖျက်သိမ်းမှုတွေကြောင့် အနည်းငယ် ထိခိုက်မှုရှိခဲ့ကြောင်း ဝန်ကြီး ဆူရာဆက် ဖန်ချာရွန်ဝေါရာကူလ်က ပြောပါတယ်။ အားလပ်ရက်ခရီးသွားကာလ ပြီးဆုံးလာတာကြောင့် အောက်တိုဘာ ၃ ရက်နောက်ပိုင်း တစ်ပတ်မှာ ခရီးသွားဝင်ရောက်မှု ပြန်လျော့လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။





















