ထိုင်းမှာ ရေကြီးမှု ဆက်လက်ဖြစ်ပွား၊ လူဦးရေ ၃.၅ သန်းကျော် ထိခိုက်
အောက်တိုဘာ ၅၊ ၂၀၂၆ — ထိုင်းနိုင်ငံမှာ ပြည်နယ် ၂၆ ခုနဲ့ ဘန်ကောက်မြို့တို့ ရေကြီးမှု ဆက်လက်ကြုံတွေ့နေရပြီး အိမ်ထောင်စု ၁,၂၇၀,၁၅၁ စု၊ လူဦးရေ ၃,၅၁၉,၄၁၆ ဦး ထိခိုက်နေကြောင်း ထိုင်းဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဌာန (DDPM) ရဲ့ ယနေ့ နံနက် ၆ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ မိုးသည်းထန်မှုနဲ့ မြောက်ပိုင်းမှ စီးဆင်းလာတဲ့ရေတွေကြောင့် အလယ်ပိုင်းဒေသတွေမှာ ရေကြီးမှု ဆက်ဖြစ်နေပါတယ်။
ပထုံဌာနီ၊ အယုဒ္ဓယ၊ ချချင်ဆောင်၊ စင်ဘူရီ၊ ဆူဖန်ဘူရီနဲ့ အန်ထောင်း ပြည်နယ်တွေမှာ ရေမျက်နှာပြင် မြင့်တက်နေဆဲဖြစ်ပါတယ်။ ဘန်ကောက်၊ စမွတ်ပရာကန်၊ ချွန်ဘူရီနဲ့ ပရာချင်ဘူရီ အပါအဝင် အခြားဒေသတွေမှာတော့ ရေကျလာပေမယ့် ရေဝပ်ကျန်နေတဲ့ နေရာတွေ ရှိနေပါတယ်။ DDPM က အခြေအနေကို ၂၄ နာရီ စောင့်ကြည့်ပြီး ရေစုပ်ထုတ်မှု၊ ကယ်ဆယ်ရေးနဲ့ ရေကျသွားတဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။





















