Wednesday, October 28, 2026

Tag: Russia

ဆိုချီကမ်းလွန် သင်္ဘောမီးလောင်မှု သတင်းထွက်ပေါ်

အောက်တိုဘာ ၆၊ ၂၀၂၆ — ရုရှားနိုင်ငံ ဆိုချီမြို့ကမ်းလွန် ပင်လယ်နက်အတွင်း သင်္ဘောတစ်စင်း မီးလောင်နေကြောင်း ဒေသခံများနှင့် ရုရှား Telegram ချန်နယ်များက ဖော်ပြခဲ့သည်။ မီးလောင်ရာမှ ထွက်ပေါ်လာသည့် မီးခိုးထူများကို ကမ်းခြေမှ အဝေးအထိ မြင်တွေ့ရကြောင်း သတင်းများတွင် ဖော်ပြထားသည်။  မီးလောင်နေသည့်သင်္ဘောသည် ရေနံတင်သင်္ဘောဖြစ်နိုင်ကြောင်း ကနဦးသတင်းများက ဆိုသော်လည်း သင်္ဘောအမျိုးအစားကို တရားဝင် အတည်မပြုနိုင်သေးပါ။ မီးလောင်ရသည့်အကြောင်းရင်းနှင့် ...

ရုရှား ခန်စကာယာလေတပ်စခန်း ဒရုန်းတိုက်ခိုက်ခံရ

အောက်တိုဘာ ၄ ရက်တွင် ရုရှားနိုင်ငံ အဒီဂေးယားဒေသရှိ ခန်စကာယာလေတပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး Su-35၊ Su-34 စစ်လေယာဉ် ၂ စင်းနှင့် ခဲယမ်းသိုလှောင်ရုံ ထိမှန်ခဲ့ကြောင်း ယူကရိန်းလုံခြုံရေးဌာန (SBU) က ထုတ်ပြန်သည်။ ရုရှားဒေသအာဏာပိုင်များက ဒရုန်းတိုက်ခိုက်မှုရှိကြောင်း ပြောသော်လည်း စစ်လေယာဉ်ပျက်စီးမှုကို အတည်မပြုထားသေးပါ။

ယူကရိန်းက ဘာရှ်ကော်တိုစတန်ရှိ ရုရှားရေနံသန့်စင်စက်ရုံ ၃ ခုကို တိုက်ခိုက်

၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက် နံနက်ပိုင်းတွင် ယူကရိန်းတပ်ဖွဲ့များသည် FP-5 “Flamingo” တာဝေးပစ် ခရုဇ်ဒုံးကျည် ကို အသုံးပြု၍ ရုရှားနိုင်ငံ Bashkortostan ဒေသရှိ Bashneft-UNPZ, Novoil နှင့် Ufaneftekhim ရေနံသန့်စင်စက်ရုံ ၃ ခု ပါဝင်သည့် ရေနံသန့်စင်ရေးစက်မှုဇုန်ကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းဘက်က ထုတ်ပြန်ခဲ့သည်။

ယူကရိန်းက ကက်စပီယန်ပင်လယ်မှာ ရုရှား စစ်ရေယာဉ်၊ ကုန်တင်သင်္ဘောနှစ်စီးကို တိုက်ခိုက်

ဇူလိုင် ၂၅၊ ၂၀၂၆ ယူကရိန်းက ကက်စပီယန်ပင်လယ်မှာ ရုရှား စစ်ရေယာဉ်၊ ကုန်တင်သင်္ဘောနှစ်စီးကို တိုက်ခိုက်

လေးရက်အတွင်း ရုရှား သင်္ဘော (၃၆)စင်းကို ယူကရိန်း တိုက်ခိုက် ဖျက်ဆီး

ရုရှား အသိမ်းပိုက်ခံ ခရိုင်းမီးယားကို တင်ပို့တဲ့ လောင်စာဆီတင်သင်္ဘော ၃၂ စင်းအပါအဝင် အခြားအထောက်အကူပြုသင်္ဘော စုစုပေါင်း ၃၆ စင်းကို လေးရက်အတွင်း တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇယ်လန်စကီ ပြောပါတယ်။

ရုရှား တာနီကိုရေနံချက်စက်ရုံကို ယူကရိန်းဒရုန်း တိုက်ခိုက်

ရုရှား တာနီကိုရေနံချက်စက်ရုံကို ယူကရိန်းဒရုန်း တိုက်ခိုက်

ရုရှားနိုင်ငံအတွင်းပိုင်း နစ်ဇနီကမ်စ် (Nizhnekamsk)မြို့ရှိ တာနီကို (Taneco) ရေနံချက်စက်ရုံကို ယူကရိန်း ဒရုန်းတွေနဲ့တိုက်ခိုက်ခံရလို့ မီးလောင်နေတဲ့ ဗီဒီယိုတွေ ဇွန် ၁၃၊ ၂၀၂၆ မှာ ထွက်လာပါတယ်။ အဆိုပါ နေရာဟာ ယူကရိန်းအရှေ့ဘက်ကီလိုမီတာ ၁၃၀၀ (မိုင် ၈၀၀)ဝန်းကျင် အကွာမှာ တည်ရှိတာပါ။ FP-1 တာဝေး တိုက်ခိုက်ရေး ဒရုန်းအမျိုးအစားတွေကို အသုံးပြုပြီး တိုက်ခိုက်တာဖြစ်တယ်လို့ ယူကရိန်းဘက်က ...

Page 3 of 3 1 2 3

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.