ကက်စပီယန်ပင်လယ်မှာ အီရန်ကိုဦးတည်လာတဲ့ ရုရှားဒုံးကျည်တင် ရေယာဉ်တစ်စီးနဲ့ အီရန်နဲ့ဆက်စပ်တဲ့ ရုရှားစစ်ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးပြုလုပ်တဲ့ ကုန်တင်သင်္ဘောနှစ်စီးတို့ကို ယူကရိန်းက တာဝေးပစ်ဒရုန်းတွေနဲ့ ဇူလိုင် ၂၅၊ ၂၀၂၆ မှာ တိုက်ခိုက်ခဲ့တယ်။
ဒီလိုတိုက်ခိုက်မှူနဲ့ပတ်သက်ပြီးယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီးက “ယူကရိန်းတပ်ဖွဲ့တွေက ကက်စပီယန်ပင်လယ် (Caspian Sea) အတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်။ ထိုပစ်မှတ်တွေထဲမှာ ရုရှားဒုံးကျည်တင် စစ်ရေယာဉ်တစ်စီးနဲ့ အီရန်နှင့် ဆက်စပ်တဲ့ ရုရှားစစ်ရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရတဲ့ ကုန်တင်သင်္ဘောတွေလည်း ပါဝင်တယ်။” ဟု ဆိုပါတယ်။

သတင်းတွေအရ Port Olya 2 နဲ့ Begey အမည်ရှိ ကုန်တင်သင်္ဘော နှစ်စီး တိုက်ခိုက်ခံရတယ်လို့ ဖော်ပြထားပါတယ်။





















