Tuesday, October 27, 2026

Tag: Myanmar war

အမေရိကန်နှင့် မြန်မာ စစ်အစိုးရ တိုကျိုတွင် လျှို့ဝှက်ထပ်မံတွေ့ဆုံ

အမေရိကန်နှင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံအစိုးရ ကိုယ်စားလှယ်များ ပြီးခဲ့သည့်သီတင်းပတ်က တိုကျို၌ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက် Reuters သတင်းက ဖော်ပြသည်။ တစ်လအတွင်း ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ယခင်ဆွေးနွေးမှုများတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း တားဆီးရေး၊ အမေရိကန်နိုင်ငံသားတစ်ဦး လွတ်မြောက်ရေးနှင့် မြေရှားသတ္တုအရေးတို့ ပါဝင်ခဲ့သည်။ ယခုဆွေးနွေးပွဲ၏ အသေးစိတ်နှင့် ရလဒ်များကို မထုတ်ပြန်သေးပါ။

ဗန်းမော်မြို့ အကြမ်းဖက်တပ်မှ လက်နက်၊ စစ်သုံ့ပန်းတွေ KIA သိမ်းဆည်း

စက်တင်ဘာ ၂၆၊ ၂၀၂၆ ရက်နေ့က ဗန်းမော်မြို့ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် မင်းအောင်လှိုင်တပ်မှ လက်နက်၊ နေရာနဲ့ စစ်သုံ့ပန်းတွေကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုတယ်။

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.