Tuesday, October 27, 2026

Uncategorized

Starlink ကို ယှဉ်ပြိုင်ဖို့ ဥရောပဆက်သွယ်ရေးကုမ္ပဏီ ၄ ခု ပူးပေါင်း

ဥရောပဆက်သွယ်ရေးကုမ္ပဏီကြီး Deutsche Telekom၊ Orange၊ Telefónica နဲ့ Vodafone တို့ဟာ ဂြိုဟ်တုမှ မိုဘိုင်းဖုန်းသို့ တိုက်ရိုက်ချိတ်ဆက်ပေးမယ့် ဝန်ဆောင်မှုအတွက် လှိုင်းနှုန်းအသုံးပြုခွင့်ကို ပူးတွဲလျှောက်ထားနိုင်ရေး လေ့လာဖို့ အောက်တိုဘာ ၁၉ ရက်မှာ သဘောတူခဲ့ကြပါတယ်။ ဒီအစီအစဉ်ဟာ ဥရောပရဲ့ ဆက်သွယ်ရေးကိုယ်ပိုင်စီမံနိုင်စွမ်း မြှင့်တင်ပြီး Starlink နဲ့ ယှဉ်ပြိုင်နိုင်မယ့် ရွေးချယ်စရာဖြစ်လာနိုင်ပေမယ့် လက်ရှိမှာ ကနဦးလေ့လာဆဲအဆင့်သာ ရှိပါသေးတယ်။

Read moreDetails

ဒဏ်ရာရစစ်သားကို ပျံသန်းဒရုန်းဖြင့် ယူကရိန်း ကယ်ထုတ်

ယူကရိန်းတပ်ဖွဲ့များက ဒဏ်ရာရစစ်သားတစ်ဦးကို ရှေ့တန်းမှ ပျံသန်းဒရုန်းဖြင့် အောင်မြင်စွာ ကယ်ထုတ်ခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မိုင်းများနှင့် ရုရှားဒရုန်းအန္တရာယ်ကြောင့် မြေပြင်မှ ကယ်ထုတ်မရသဖြင့် ယခုနည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ စစ်သားမှာ အသက်အန္တရာယ်ကင်းရှင်းပြီဖြစ်ပြီး၊ ယူကရိန်းဘက်က ယင်းကို ကမ္ဘာ့ပထမဆုံးဟု ဖော်ပြထားသည်။

Read moreDetails

ကီလိုမီတာ ၅၀၀ အထိ ပျံသန်းရန် ရည်ရွယ်သည့် ထိုင်ဝမ်ဒရုန်းသစ်

ကီလိုမီတာ ၅၀၀ အကွာအဝေးကို ရည်မှန်းထားသည့် PD-136 တိုက်ခိုက်ရေးဒရုန်း ထိုင်ဝမ်မိတ်ဆက် ထိုင်ဝမ်ကုမ္ပဏီ Thunder Tiger သည် တာဝေးတိုက်ခိုက်ရေးစွမ်းရည် တိုးမြှင့်နိုင်ရန် ရည်ရွယ်သည့် PD-136 တစ်ကြိမ်သုံး တိုက်ခိုက်ရေးဒရုန်းကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ AUSA 2026 ပြပွဲတွင် မိတ်ဆက်ခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက် Army Recognition သတင်းတွင် ဖော်ပြထားသည်။...

Read moreDetails

ကမ္ဘာ့တတိယအကြီးဆုံး Itaipu ရေအားလျှပ်စစ်ဆည် ရေပိုလွှဲတံခါး ထပ်ဖွင့်

မိုးသည်းထန်မှုကြောင့် Paraná မြစ်ရေမြင့်တက်လာချိန်မှာ Itaipu နဲ့ Yacyretá ဆည်တို့က ရေပိုလွှဲတံခါးများ ဖွင့်ကာ ရေစီးဆင်းမှုကို ထိန်းညှိနေပါတယ်။ ဆည်များက ရေကြီးမှုသက်ရောက်ချက်ကို လျှော့ချဖို့ ဆောင်ရွက်နေပေမယ့် အောက်ပိုင်းရှိ Ituzaingó နဲ့ Ayolas မြို့များမှာ ရေမြင့်တက်မှုအန္တရာယ် ဆက်ရှိနေပြီး မြစ်ကမ်းနေပြည်သူများအတွက် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Read moreDetails

ယူကရိန်းကို Patriot ဒုံးကျည်များ ပေးပို့ရေး ဂျပန် ပြန်လည်ဆွေးနွေးရန် စီစဉ်

အောက်တိုဘာ ၂၊ ၂၀၂၆ — ယူကရိန်းကို Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ကြားဖြတ်ဒုံးကျည်များအပါအဝင် လက်နက်များ ပေးအပ်ခြင်း သို့မဟုတ် ရောင်းချခြင်းအတွက် ဂျပန်အစိုးရနှင့် ပြန်လည်ဆွေးနွေးရန် စီစဉ်ထားကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် လွှတ်တော်အမတ် Itsunori Onodera က ကိယက်ဗ်ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။ ဂျပန်တွင် လက်နက်တင်ပို့ရေးဆိုင်ရာ ဥပဒေနှင့် မူဝါဒကန့်သတ်ချက်များ ရှိနေသော်လည်း ဝန်ကြီးချုပ် Sanae Takaichi...

Read moreDetails

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.