Wednesday, October 28, 2026

Tag: Starlink

Starshield ကန့်သတ်မှု စစ်ဆေးရန် အမေရိကန်အမတ်များပြင်ဆင်၊ မတ်စ်ကိုပါ စစ်မေးနိုင်

ယူကရိန်းတပ်ဖွဲ့များ၏ Starshield ဂြိုဟ်တုဆက်သွယ်ရေး ကန့်သတ်ခံရမှုကို ပါတီနှစ်ရပ်ပူးပေါင်း စစ်ဆေးရန် ပြင်ဆင်နေပြီး အီလွန်မတ်စ်ကိုပါ ကျမ်းကျိန်စစ်မေးနိုင်ကြောင်း အမေရိကန်အမတ် ဘရိုင်ယန်ဖစ်ဇ်ပက်ထရစ်က ပြောသည်။ မတ်စ်က ကန့်သတ်မှုကို အမိန့်ပေးခဲ့ကြောင်း WSJ က ဖော်ပြသော်လည်း ထရမ့်အစိုးရနှင့် ကြိုတင်ညှိနှိုင်းခဲ့ခြင်းရှိ၊ မရှိ မရှင်းလင်းသေးပါ။

Starlink ကို ယှဉ်ပြိုင်ဖို့ ဥရောပဆက်သွယ်ရေးကုမ္ပဏီ ၄ ခု ပူးပေါင်း

ဥရောပဆက်သွယ်ရေးကုမ္ပဏီကြီး Deutsche Telekom၊ Orange၊ Telefónica နဲ့ Vodafone တို့ဟာ ဂြိုဟ်တုမှ မိုဘိုင်းဖုန်းသို့ တိုက်ရိုက်ချိတ်ဆက်ပေးမယ့် ဝန်ဆောင်မှုအတွက် လှိုင်းနှုန်းအသုံးပြုခွင့်ကို ပူးတွဲလျှောက်ထားနိုင်ရေး လေ့လာဖို့ အောက်တိုဘာ ၁၉ ရက်မှာ သဘောတူခဲ့ကြပါတယ်။ ဒီအစီအစဉ်ဟာ ဥရောပရဲ့ ဆက်သွယ်ရေးကိုယ်ပိုင်စီမံနိုင်စွမ်း မြှင့်တင်ပြီး Starlink နဲ့ ယှဉ်ပြိုင်နိုင်မယ့် ရွေးချယ်စရာဖြစ်လာနိုင်ပေမယ့် လက်ရှိမှာ ကနဦးလေ့လာဆဲအဆင့်သာ ရှိပါသေးတယ်။

ယူကရိန်း Starlink ပြတ်တောက်မှု စုံစမ်းရန် အမေရိကန်အမတ်များ တောင်းဆို

ယူကရိန်း Starlink ဆက်သွယ်ရေးပြတ်တောက်မှု ပင်တဂွန်ကို စုံစမ်းရန် အမေရိကန်အမတ်များ တောင်းဆို ယူကရိန်းစစ်တပ် အသုံးပြုနေတဲ့ Starlink ဂြိုဟ်တုဆက်သွယ်ရေးစနစ် ကန့်သတ်ပြတ်တောက်မှုကြောင့် ယူကရိန်းအရပ်သားတွေနဲ့ အမေရိကန်ဝန်ထမ်းတွေရဲ့ လုံခြုံရေး ထိခိုက်နိုင်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Thom Tillis က တောင်းဆိုလိုက်ပါတယ်။ Tillis က လက်ရှိသတင်းအချက်အလက်တွေအရ ပြဿနာဟာ SpaceX သို့မဟုတ် အရပ်ဘက် ...

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.