အမေရိကန်သမ္မတဟောင်း ဂျော့ချ် ဒဗလျူ ဘုရှ်ရဲ့ ညီဖြစ်သူ နီးလ်ဘုရှ် (Neil Bush) က တက္ကဆက်ပြည်နယ်ရဲ့ အမေရိကန်အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ဒီမိုကရက်ကိုယ်စားလှယ်လောင်း ဂျိမ်းစ် တာလာရီကို (James Talarico) ကို ကြိုတင်မဲပေးခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက်က Facebook မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရီပတ်ဘလီကန်ပါတီကို နှစ်ပေါင်းများစွာ ထောက်ခံခဲ့သူ နီးလ်ဘုရှ်က ပြိုင်ဘက် ကင် ပက်စ်တန် (Ken Paxton) ရဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်မှုနဲ့ တာလာရီကိုရဲ့ ကိုယ်ကျင့်တရား၊ အခြေခံမူတွေကို လေးစားမှုကြောင့် ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ပက်စ်တန်က ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်တွေကို စိန်ခေါ်ခဲ့မှုကိုလည်း ဝေဖန်ခဲ့ပါတယ်။
“ပါတီဝင်ဖြစ်မှုထက် ကိုယ်ကျင့်တရားက ပိုအရေးကြီးတယ်” လို့ ဘုရှ်က ရေးသားပြီး တာလာရီကိုရဲ့ ရိုးသားမှု၊ နှိမ့်ချမှုနဲ့ သဘောထားမတူသူတွေကို နားထောင်လိုစိတ်ကို ချီးကျူးခဲ့ပါတယ်။





















