၂၀၂၆ အောက်တိုဘာ ၃ ရက်တွင် ဂျပန်နိုင်ငံ ကူမာမိုတိုမြို့ရှိ ကင်ဂွန်တပ်စခန်း၌ Type 25 မြေပြင်မှ သင်္ဘောပစ်ဒုံးကျည်စနစ်၏ ပစ်လွှတ်ယာဉ်များနှင့် ခဲယမ်းသယ်ယူယာဉ်များကို ဒေသခံပြည်သူများအား ပထမဆုံးအကြိမ် ပြသခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ (Sanae Takaichi)
မတ်လတွင် စတင်တပ်ဖြန့်ထားသည့် ယင်းဒုံးကျည်သည် ကီလိုမီတာ ၁,၀၀၀ ခန့် (မိုင် ၆၂၁ ခန့်) အထိ ပစ်ခတ်နိုင်ပြီး တရုတ်ပြည်မကမ်းရိုးတန်းဒေသအချို့အထိ ရောက်ရှိနိုင်ကြောင်း သတင်းများက ဖော်ပြသည်။

ဂျပန်၏ တန်ပြန်တိုက်ခိုက်ရေးစွမ်းရည် တိုးမြှင့်မှုတွင် ပါဝင်သည့် ယင်းစနစ်ကို ယခုလအတွင်း ပြုလုပ်မည့် ဂျပန်–အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု Keen Sword တွင်လည်း အသုံးပြုရန် စီစဉ်ထားသည်။





















