Wednesday, October 28, 2026

Tag: Burma war

နယ်စပ်ကျော်ပစ်ခတ်မှု ထိခိုက်ပါက တုံ့ပြန်မည်ဟု ထိုင်းသတိပေး

အောက်တိုဘာ ၂၆၊ ၂၀၂၆ — မြန်မာဘက်မှ ရည်ရွယ်ချက်ရှိရှိ နယ်စပ်ကျော်ပစ်ခတ်မှု သို့မဟုတ် ထိုင်းပြည်သူများ၏ အသက်နှင့် ပိုင်ဆိုင်မှု ထိခိုက်မှုရှိပါက အချိုးကျ စစ်ရေးတုံ့ပြန်နိုင်ကြောင်း ထိုင်းနရေဆွမ်တပ်ဖွဲ့က သတိပေးသည်။ နယ်စပ်လုံခြုံရေးတိုးမြှင့်ခြင်း၊ သံတမန်ရေးညှိနှိုင်းခြင်း၊ ဒေသခံများကို ကာကွယ်ကူညီခြင်းနှင့် မြန်မာစစ်ဘေးရှောင်များကို လူသားချင်းစာနာမှုအရ ကူညီခြင်းတို့ ဆောင်ရွက်မည်ဟု ဆိုသည်။

အမေရိကန်နှင့် မြန်မာ စစ်အစိုးရ တိုကျိုတွင် လျှို့ဝှက်ထပ်မံတွေ့ဆုံ

အမေရိကန်နှင့် မြန်မာစစ်တပ်ကျောထောက်နောက်ခံအစိုးရ ကိုယ်စားလှယ်များ ပြီးခဲ့သည့်သီတင်းပတ်က တိုကျို၌ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက် Reuters သတင်းက ဖော်ပြသည်။ တစ်လအတွင်း ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ယခင်ဆွေးနွေးမှုများတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း တားဆီးရေး၊ အမေရိကန်နိုင်ငံသားတစ်ဦး လွတ်မြောက်ရေးနှင့် မြေရှားသတ္တုအရေးတို့ ပါဝင်ခဲ့သည်။ ယခုဆွေးနွေးပွဲ၏ အသေးစိတ်နှင့် ရလဒ်များကို မထုတ်ပြန်သေးပါ။

ဗန်းမော်မြို့ အကြမ်းဖက်တပ်မှ လက်နက်၊ စစ်သုံ့ပန်းတွေ KIA သိမ်းဆည်း

စက်တင်ဘာ ၂၆၊ ၂၀၂၆ ရက်နေ့က ဗန်းမော်မြို့ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် မင်းအောင်လှိုင်တပ်မှ လက်နက်၊ နေရာနဲ့ စစ်သုံ့ပန်းတွေကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုတယ်။

မြန်မာ စစ်တပ်ရဲ့ ဗန်းမော် ၅ မိုင် ဂိတ်စခန်းကို KIA သိမ်းပိုက်

ကချင်ပြည်နယ် စကမ ဗန်းမော်မြို့၊ (၅)မိုင် ကားလမ်းမ ဂိတ် စခန်းကို KIA မှ ဇန်နဝါရီ ၁၄၊ ၂၀၂၆ ရက်နေ့ ပြန် လည် သိမ်းပိုက်လိုက်တယ်။ ဒီစခန်းကို ပြီးခဲ့တဲ့နှစ် မြန်မာ စစ်ကော်မရှင် သင်္ဘောအုပ်စုနဲ့ စစ်ကူ ရောက်လာခဲ့တဲ့နောက်ပိုင်း KIA တပ်တွေ ဆုတ်ခွါပေးတဲ့ စခန်းလည်းဖြစ်ကြောင်း KIA နဲ့နီးစပ်သူတွေ ဆိုပါတယ်။ ...

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.