Wednesday, October 28, 2026

Tag: Arunachal Pradesh

အာရုနာချယ်နယ်စပ်တွင် အိန္ဒိယ–တရုတ်တပ်များ ထိပ်တိုက်တွေ့မှု ဆက်ရှိ

အာရုနာချယ်ပရာဒေ့ရှ်နယ်စပ် နေရာအချို့တွင် အိန္ဒိယနှင့် တရုတ်တပ်များ ထိပ်တိုက်တွေ့မှု ဆက်ရှိနေကြောင်း ITBP အကြီးအကဲက ပြောကြားခဲ့သည်။ သို့သော် အိန္ဒိယတပ်များ သွားလာရန် တရုတ်၏ခွင့်ပြုချက်လိုအပ်သည်၊ တရုတ်တပ်သားများကို ရိုက်နှက်ဖမ်းဆီးခဲ့သည်ဆိုသည့် ပြောဆိုချက်များကို အတည်မပြုနိုင်သေးပါ။

နယ်စပ်တာဝန်ထမ်းဆောင်စဉ် အိန္ဒိယစစ်သည်တစ်ဦး သေဆုံး

အိန္ဒိယ–တရုတ်နယ်စပ်၊ Sikkim မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၃၂ နှစ်အရွယ် အိန္ဒိယစစ်သည် Ebet Paloh သည် အောက်တိုဘာ ၁၉ ရက်က သေဆုံးခဲ့သည်။ သေဆုံးရသည့်အကြောင်းရင်းကို မထုတ်ပြန်သေးသဖြင့် တရုတ်တပ်နှင့် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း အတည်မပြုနိုင်သေးပါ။

အာရူနာချယ်တွင် ရေကာတာစီမံကိန်းဆန့်ကျင်ဆန္ဒပြမှုအတွင်း ရဲစခန်းနှင့် ယာဉ်များ မီးရှို့ခံရ

အိန္ဒိယနိုင်ငံ အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်၊ Pasighat မြို့တွင် အောက်တိုဘာ ၂၃ ရက်ညက Siang ဆည်စီမံကိန်းဆန့်ကျင်ဆန္ဒပြမှုအတွင်း ရဲစခန်း၊ NHPC ရုံးနှင့် ယာဉ်များ မီးရှို့ခံခဲ့ရသည်။ ဒေသခံများက ဘိုးဘွားပိုင်မြေ၊ နေအိမ်နှင့် အသက်မွေးဝမ်းကျောင်း ဆုံးရှုံးနိုင်မှုတို့ကြောင့် စီမံကိန်းကို ကန့်ကွက်နေကြခြင်းဖြစ်သည်။

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.