NASA နဲ့ SpaceX တို့ဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်၊ ဖလော်ရီဒါပြည်နယ် Kennedy Space Center မှာ ပြုလုပ်တဲ့ Artemis အစီအစဉ် ရှင်းလင်းပွဲအတွင်း အနာဂတ် လကမ္ဘာခရီးစဉ်တွေအတွက် တည်ဆောက်နေတဲ့ Starship ရဲ့ အာကာသယာဉ်မှူးနေထိုင်ခန်း “Cabin 1” ပုံရိပ်အသစ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီအခန်းကို တက္ကဆက်ပြည်နယ်၊ Starbase ရှိ SpaceX ရဲ့ Starfactory စက်ရုံအတွင်း တည်ဆောက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် Artemis III ခရီးစဉ်အတွင်း Starship နဲ့ NASA ရဲ့ Orion အာကာသယာဉ်တို့ ချိတ်ဆက်မယ့်စနစ်ကို ဖော်ပြထားတဲ့ ကွန်ပျူတာသရုပ်ဖော်ပုံတွေလည်း ထုတ်ပြန်ထားပါတယ်။ ချိတ်ဆက်ကိရိယာကို Starship Version 3 ရဲ့ ထိပ်ပိုင်းမှာ တပ်ဆင်ပြီး ယာဉ်နှစ်စင်း ချိတ်ဆက်ထားစဉ် ထိန်းချုပ်မှုနဲ့ ဆက်သွယ်ရေးစနစ်တွေကို စမ်းသပ်သွားမှာဖြစ်ပါတယ်။

NASA ရဲ့ လက်ရှိအစီအစဉ်အရ ၂၀၂၇ ခုနှစ် Artemis III ခရီးစဉ် ဟာ ကမ္ဘာပတ်လမ်းနိမ့်အတွင်း ချိတ်ဆက်စမ်းသပ်မယ့် ခရီးစဉ်ဖြစ်ပြီး အာကာသယာဉ်မှူးတွေ Starship စမ်းသပ်ယာဉ်အတွင်း ဝင်ရောက်မှာမဟုတ်ပါဘူး။ ရရှိလာတဲ့ အချက်အလက်တွေကို အနာဂတ် လူလိုက်ပါသော လကမ္ဘာဆင်းသက်ရေးခရီးစဉ်တွေအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။

မူရင်းရင်းမြစ် — NASA ရှင်းလင်းပွဲကြေညာချက်၊ NASA — Artemis III စမ်းသပ်မှုနှင့် SpaceX သရုပ်ဖော်ပုံများ
ပုံရိပ် Credit — NASA/SpaceX





















