ဒေါ်လာ ၂၂ သန်းကျော် ရောင်းအားထက် ယုံကြည်ခြင်းကို ဦးစားပေးခဲ့သည့် Hobby Lobby တည်ထောင်သူ
အမေရိကန် လက်မှုပညာနှင့် အိမ်အလှဆင်ပစ္စည်းအရောင်းလုပ်ငန်း Hobby Lobby တည်ထောင်သူ David Green က မိမိ၏ ခရစ်ယာန်ယုံကြည်ချက်နှင့် မကိုက်ညီဟု ခံယူခဲ့သဖြင့် ဒေါ်လာ ၂၂ သန်းကျော် ရောင်းအားရှိခဲ့သော Halloween ပစ္စည်းများ ရောင်းချခြင်းကို ရပ်တန့်ခဲ့ကြောင်း ပြောကြားထားသည်။

Faith Driven Entrepreneur အင်တာဗျူးတွင် Green က ယင်းဆုံးဖြတ်ချက်ကြောင့် ရောင်းအားလျော့နည်းခဲ့သော်လည်း ဘုရားသခင်၏ လမ်းညွှန်မှုဟု မိမိယုံကြည်သည့်အရာကို လိုက်နာရန် ရွေးချယ်ခဲ့ကြောင်း ရှင်းပြသည်။ ဖော်ပြပါ ဒေါ်လာ ၂၂ သန်းကျော်သည် ကုန်ပစ္စည်းရောင်းရငွေဖြစ်ပြီး အသားတင်အမြတ်ငွေ မဟုတ်ပါ။
တနင်္ဂနွေနေ့များတွင် ဆိုင်ပိတ်သည့် ဆုံးဖြတ်ချက်ကြောင့်လည်း ရောင်းအားဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောသည်။ သို့သော် ငွေကြေးအရ ပေးဆပ်ရမှုရှိသည့်တိုင် ယုံကြည်ချက်ကို မလျှော့ပေါ့ဘဲ ဘုရားသခင်ကို ဦးစားပေးခြင်းသည် မိမိတို့အတွက် မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း Green က အလေးပေးခဲ့သည်။





















