ထိုင်ဝမ်ထိန်းချုပ်ထားသော ကင်မင်ကျွန်းအနီး ကန့်သတ်ရေပြင်သို့ ဝင်ရောက်လာသည့် တရုတ်ကမ်းခြေစောင့်သင်္ဘော ၄ စီးကို အောက်တိုဘာ ၉ ရက်တွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ်က သတိပေးမောင်းထုတ်ခဲ့ကြောင်း TaiwanPlus က ဖော်ပြသည်။

ထိုင်ဝမ်အမျိုးသားနေ့မတိုင်မီ တစ်ရက်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်အတွင်း ထိုင်ဝမ်ဘက်က ကင်းလှည့်သင်္ဘောများ စေလွှတ်ကာ ရေဒီယိုမှတစ်ဆင့် ထွက်ခွာရန် သတိပေးခဲ့သည်။ ထို့နောက် တရုတ်သင်္ဘော ၄ စီးလုံး အဆိုပါရေပြင်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။





















