ရုရှား အသိမ်းပိုက်ခံ ခရိုင်းမီးယားကို တင်ပို့တဲ့ လောင်စာဆီတင်သင်္ဘော ၃၂ စင်းအပါအဝင် အခြားအထောက်အကူပြုသင်္ဘော စုစုပေါင်း ၃၆ စင်းကို လေးရက်အတွင်း တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်း သမ္မတ ဇယ်လန်စကီ ပြောပါတယ်။
တိုက်ခိုက်မှုကို ဇူလိုင် ၆ ရက်မှ ၉ ရက်ထိ ပြုလုပ်တာဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်ခံရပြီးနောက် ဒွန်-အာဇော့ဗ်တူးမြောင်း (Don-Azov Channel)ကိုဖြတ်ကာ ခရိုင်းမီးယားသို့ ရုရှားသင်္ဘောတွေ လောင်စာဆီတင်ပို့မှု ခေတ္တရပ်နေတယ်လို့ ယူကရိန်းဖက်က ဆိုပါတယ်။
လောင်စာဆီခက်ခဲလာလို့ ရုရှား ရုပ်သေး ခရိုင်းမီးယား အာဏာပိုင်တွေဖက်က
အရပ်သားတွေနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေဆီ ဓာတ်ဆီရောင်းချမှုအားလုံးကို ဇွန်လ ၂၁၊ ၂၀၂၆ ကတည်းက ရပ်ထားတာဖြစ်ပါတယ်။





















