ရွှေ့ပြောင်းနေထိုင်သူများကို ဒေါ်လာ ၁ ဒသမ ၈ သန်းအထိ ဒဏ်ရိုက်မည့် အစီအစဉ် တရားရုံးတားဆီး
အမေရိကန်နိုင်ငံမှ ထွက်ခွာရန် နောက်ဆုံးပြည်နှင်ဒဏ်အမိန့် ထုတ်ပြန်ခံထားရသော်လည်း ဆက်လက်နေထိုင်နေသူများကို ဒေါ်လာ ၁ ဒသမ ၈ သန်းအထိ ဒဏ်ကြေးချမှတ်မည့် ထရမ့်အစိုးရ၏ အစီအစဉ်ကို ဘော်စတွန်မြို့ရှိ ဖက်ဒရယ်တရားသူကြီး ဂျော့ချ် အိုတူးလ်က တားဆီးလိုက်သည်။
အဆိုပါအစီအစဉ်အရ ပြည်နှင်ဒဏ်အမိန့်ကို မလိုက်နာသူများအား တစ်ရက်လျှင် ဒေါ်လာ ၉၉၈ နှုန်းဖြင့် ဒဏ်ကြေးချမှတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
သို့သော် ဒဏ်ကြေးချမှတ်သည့် လုပ်ထုံးလုပ်နည်းများသည် ဥပဒေနှင့် မညီနိုင်ကြောင်း တရားသူကြီးက သုံးသပ်ခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးနေစဉ်အတွင်း အဆိုပါဒဏ်ကြေးများ ကောက်ခံခြင်းကို ယာယီရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။





















