“ဒီမိုကရက် သမ္မတဖြစ်မှ ဘဏ္ဍာရေးလိုငွေကို အရေးထားကြသလား”
အမေရိကန်သမ္မတဟောင်း Barack Obama သည် အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်တွင် Michigan ပြည်နယ်၊ Detroit မြို့၌ မဲဆွယ်မိန့်ခွန်းပြောကြားရင်း နိုင်ငံတော်အကြွေးနှင့် ပတ်သက်၍ ရီပတ်ဘလီကန်တို့၏ ရပ်တည်ချက်ကို ဝေဖန်ခဲ့သည်။
“ကျွန်တော် သမ္မတဖြစ်တုန်းက အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ရီပတ်ဘလီကန်တွေက ‘ဘဏ္ဍာရေးလိုငွေ၊ အကြွေး—ဒါတွေကို တစ်ခုခုလုပ်ရမယ်’ လို့ ထပ်တလဲလဲ ပြောခဲ့ကြတယ်။ အခုတော့ အကြွေးက ဒေါ်လာ ထရီလီယံ ၄၀ ရှိနေပြီ။ သူတို့ဆီက အသံတောင် မကြားရတော့ဘူး။ ဘယ်လိုဖြစ်သွားတာလဲ။ ဒီမိုကရက်တစ်ဦး သမ္မတဖြစ်နေချိန်မှပဲ ဘဏ္ဍာရေးလိုငွေက အရေးကြီးလာသလို ဖြစ်နေတယ်” ဟု Obama က ပြောကြားခဲ့သည်။
#Obama #USPolitics #အမေရိကန်နိုင်ငံရေး #Mungdan
အရင်းအမြစ် — CNN မိန့်ခွန်းမှတ်တမ်း။





















