လက်ရှိ ကချင်ပြည်နယ် ခေါင်လန်ဖူး (Hkawnglanghpu) နဲ့ ရွှေကူမှာ ဖြစ်ပွါးတဲ့ တိုက်ပွဲတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တပ်မှ စခန်းတချို့ နဲ့ လက်နက်တွေ သိမ်းဆည်းတာရှိတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ ဆိုပါတယ်။

ဇူလိုင် ၁၀၊ ၂၀၂၆ နေ့ ခေါင်လန်ဖူးတိုက်ပွဲအတွင်း မင်းအောင်လှိုင်တပ် နဲ့ ဒေသခံ ရဝမ်ပြည်သူ့စစ်ဖက်က သေဆုံးထိခိုက်မှုရှိပီုး ၎င်းတို့ဆီက လက်နက်တချို့ သိမ်းယူရရှိတယ်လို့ KIA သတင်းရင်းမြစ်က ဆိုပါတယ်။
ဒီ သတင်းတွေနဲ့ပတ်သက်ပြီး KIA ဖက်က ထုတ်ပြောတာ မရှိသေးပေ။





















