ကချင်ပြည်နယ် စကမ ဗန်းမော်မြို့၊ (၅)မိုင် ကားလမ်းမ ဂိတ် စခန်းကို KIA မှ ဇန်နဝါရီ ၁၄၊ ၂၀၂၆ ရက်နေ့ ပြန် လည် သိမ်းပိုက်လိုက်တယ်။
ဒီစခန်းကို ပြီးခဲ့တဲ့နှစ် မြန်မာ စစ်ကော်မရှင် သင်္ဘောအုပ်စုနဲ့ စစ်ကူ ရောက်လာခဲ့တဲ့နောက်ပိုင်း KIA တပ်တွေ ဆုတ်ခွါပေးတဲ့ စခန်းလည်းဖြစ်ကြောင်း KIA နဲ့နီးစပ်သူတွေ ဆိုပါတယ်။
မြို့မကျအောင် စကမက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကို အားကိုးပြီး ခုခံနေရတယ်လို့ စစ်ရှောင်နေတဲ့ မြို့ခံတွေဆိုပါတယ်။
ဒီဇင်ဘာလ ၂၅ ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ ဗန်းမော် မြို့သိမ်းတိုက်ပွဲ ပြန်လည် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။






















