Tag: DHS

USCIS: ပြစ်မှုကြီးကျူးလွန်ထားတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီး

ရာဇဝတ်မှုကြီး ကျူးလွန်ထားသူ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ USCIS က ဇန်နဝါရီ ၇၊ ၂၀၂၆ နေ့ သတင်းထုတ်ပြန်တယ်။ အဆိုပါ မြန်မာနိုင်ငံသား (Burmese national)ကို မင်နီယာပိုလစ်စ်မြို့၊ မင်နီဆိုတာပြည်နယ်မှာ USCIS နဲ့ Homeland Security (DHS) တို့ ပူးပေါင်းလုပ်ဆောင်တဲ့ "Operation PARRIS" စီမံချက်အတွင်း ဖမ်းဆီးတာလို့ ဖော်ပြပါတယ်။

အမေရိကန်မှ နှစ်ပတ်အတွင်း ထွက်သွားဖို့ မြန်မာဒုက္ခသည်တချို့စာနဲ့ အကြောင်းကြားခံရ

ဟူစတန်မှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တချို့ကို နှစ်ပတ်အတွင်းအမေရိကန်နိုင်ငံကနေ ထွက်ခွါသွားကြဖို့ Department of Homeland Security (DHS) ခေါ် အမိမြေလုံခြုံရေးဌာနက စာနဲ့ စတင်အကြောင်းကြား လာပါတယ်။ နှစ်သစ်အပတ်ကစပြီး တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့မှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တချို့ဟာ အဆိုပါ အကြောင်းကြား စာ လက်ခံရကြကြောင်း ဟူစတန် ဒုက္ခသည်အသိုင်းအဝိုင်းက ဆိုပါတယ်။ အခုလို အကြောင်းကြားခံရတဲ့ ဒုက္ခသည်တွေဟာ ...

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.